(ကိုယ်တိုင်လဲကြုံဘူးလို့ အခြားသူတွေအတွက်လည်း အသုံးဝင်မယ်ထင်ပါတယ်)
✏ ဖုန်းတစ်လုံးမှာ screen lockကျလို့ မမှတ်မိ
တော့တဲ့အခါ ဆိုင်မှာပြစရာမလိုဘဲ မိမိဘာသာ
ဖြေရှင်းနိုင်သောနည်းလေးပါ
✏ အရင်ဆုံးမိမိဖုန်းကို powerပိတ်လိုက်ပါ ပြီးရင်
SimCard. /Sd-Cardတွေပါ ထုတ်လိုက်ပါ။
ပြီးတာနဲ့ batteryဖြုတ်powerမဖွင့်ဘဲ
power ခလုပ်ရယ် volumeခလုတ်က
အပေါ်ခလုတ်ရယ်
ပြိုင်ကာစုံတွဲနှိပ်ပေးရပါမယ်။
( ခြွင်း ) samsungဖုန်းတွေဆိုရင်တော့
home+keyပါသုံးခုတွဲနှိပ်ပေးရပါလိမ့်မယ်။
အဲဒီမှာ recovery+modeထဲ ရောက်သွားပါမယ်။
ဖုန်း screen မှာ ဘာမှနှိပ်လို့ရမှာမဟုတ်တော့ပါဘူး။
Okအဲဒီလိုတွေ့တာနဲ့ volumeခလုတ်နဲ့power ဘဲ
အလုပ်လုပ်ရပါမယ်။
ပေါ်လာတဲ့စာကြောင်းတွေထဲက factory+date
resetပါတဲ့စာကြောင်းကို volume ခလုပ်နဲ့ဆင်းပါ။
ပြီးရင် power ခလုတ်ကို တစ်ချက်ကစ်ပေးလိုက်ပါ။
ပြီးရင်ခဏစောင့်ပေးလိုက်ပါ။
ပြီးတာနဲ့ Noဆိုတဲ့ စာကြောင်းပေါ်လာပါလိမ့်မယ်။
အဲထဲမှာ yesဆိုတဲ့စာကြောင်းလေးပါပါတယ်။
သူ့ကိုရွေးပေးပြီး powerခလုတ်ကို ကစ်ပေးလိုက်ပါ။
ပြီးရင် rebootကျသွားပါလိမ့်မယ်။
power ပြန်တက်လာရင်တော့ screen lock
ဖြေလို့ပြီးပါပြီး......
သူငယ်ချင်းတွေအားလုံး အဆင်ပြေကြပါစေ။
Posted via Blogaway
No comments:
Post a Comment