Myanmar burma flag
waving animation

Wednesday, January 13, 2016

Second ဖုန်းဝယ်​မယ်​ဆိုရင်​ဘာ​တွေစစ်​ရမလဲ?

‪#‎Second‬ ဖုန်း၁လုံးဝယ်တော့မယ်ဆို
အရင် ဦးဆုံး
‪#‎Touch‬ တွေစစ်ပါ
‪#‎ကင်မရာစစ်ပါ‬
‪#‎Vibrateစစ်ပါ‬
‪#‎Sensor‬ စစ်ဖို့ 112 ကို ခေါ်ပြီး အပေါ်ကနေ လက်နဲ့ လွဲပါ
‪#‎Mic‬ စစ်ပါ
‪#‎Wifi‬ စစ်ပါ
‪#‎Speaker‬ ကိုသေချာနားထောင်ပါအက်သံပေါက်မပေါက်
‪#‎LCD‬ ဝါမဝါ အကွက် ရှိမရှိ မှန်ကို သေချာစိုက်ကြည့်ပါ
ရေဝင်ထားရင် အကွက်ထင်တာ
မှန်လဲရင် အလင်းပေါက်တာ ရှိတတ်ပါတယ်
‪#‎မှန်ထောင့်တွေ‬ သေချာလိုက်ကြည့်ပါ
အလင်းတန်းနေရင် မှန်လဲထားဒါ ဖြစ်နိုင်သလို
စက်ကို ပြန်လုံးတာ လည်းဖြစ်နိုင်ပါတယ်
‪#‎ကင်မရာစစ်ရင်ဝါးမဝါးသေချာကြည့်ပါ‬
ပြုတ်ကျထားပြီး အလင်းဒဏ်မခံနိုင်ရင်
ကင်မရာထိတာ ပါ ဝါးနေရင် ဖုန်ဝင်မဝင်ကြည့်ပါ
‪#‎battery‬ ကို Resatrt ရိုက်ကြည့်ပါ 4% 5%
လျော့ရင် ကိစ္စမရှိဘူး 20% ကနေ 5% လောက်ဖြစ်ရင် Battery မကောင်းဒါ
Power IC မကောင်းတာဖြစ်နိုင်ပါတယ်
တစ်ထစ်ချပြောဒါမဟုတ်ပါ လေ့လာပါ
သုံးကြည့်ပါ
‪#‎Software‬ Dialer ထဲမှာ *#06# ကို စစ်ပါ
IMEI Null ဖြစ်မဖြစ်ကြည့်ပါ
IMEI ဂဏန်းတွေမပေါ်ရင်
Null ဖြစ်ရင် ဖုန်းပြောလို့
net'သုံးလို့မရပါ ခင်ဗျာ
‪#‎Power‬ Bank ဆောင်ထားပါ ဝယ်မယ်ဆို
သွင်းကြည့်ပါ အား 3% 4% လောက်ထိသွင်းကြည့်ပါ
အားအဝင်ပြပြီးမဝင်ရင် Power IC မကောင်းတော့တာ ဖြစ်နိုင်သလို
USB ခေါင်းကြောင့်လည်းဖြစ်နိုင်ပါတယ်
‪#‎အင်တာနက်သုံးကြည့်ပါ‬ Virus ကိုက်မကိုက်ကို
ဘယ်လိုဖြစ်ဖြစ်
ဝယ်မယ်သေချာပြီဆို
Reset ရိုက်ပါ ပိုင်ရှင်ကိုလုပ်ခိုင်းပါ
All Data Reset ချပါ သူ့ရှေ့မှာ
Sim Card ထည့်စမ်း
Memory card ထည့်စမ်းပါ
နားကြပ်ပါစမ်းပါ
Wifi & Bluetooth & Airplane Mode &
Auto Rotate Screen အကုန်လုပ်ကြည့်ပါ
ဖုန်းမှာပါတဲ့ခလုတ်တွေစစ်ပါ
Power + Volume up & Down
အရမ်းတန်တယ် ထင်ရင်စေ့စေ့စပ်စပ်စစ်ပါ
‪#‎လူတစ်ယောက်‬ အရမ်းလောနေရင် ချင့်ချိန်ပြီးဝယ်ပါ
Clone မှန်း အစစ်မှန်း သိအောင်
လေ့လာပြီးမှဝယ်ပါ
သူများပြောတိုင်းယုံပြီးလည်းမဝယ်ပါနဲ့
ဖြစ်သင့်မဖြစ်သင့်စဉ်းစားပါ
‪#‎စိတ်မသန့်ရင်မယူပါနဲ့‬
Android စစ်နည်းပါ
Huawei Code
*#*121314#*#*
*#*2846579#*#*

Samsung
*#0*#
*#7353#
*#1122#

Oppo
*#808#

Xiaomi
*#*#64663#
သေချာစစ်ပါ ကျနော်လေ့လာထားဒါလေးပါ
ဒါလေးတေsွသိရင်တော့
75% အဆင်ပြေပါပြီ


Posted via Blogaway

No comments:

Post a Comment